။ ဘဝကိုစစ်ဆေးခြင်း ။

~~~~~~~~~~~~~~~~ ။ ခေါ်လို့ သာ လိုက်သွားရင် တစ်ကိုယ်တည်းသာ  သွားရမယ်ပေါ့။ ။ ကြောက်လို့သာ မပြောရဲဘဲနေရင် အဆိုးဆုံးခံစားရမယ်ပေါ့။ ။ စိတ်ရှိတဲ့အတိုင်းသာ ပွင့်ပွင့်လင်းလင်းမပြောရဲရင် လူညံ့လို့သာ ပြောခံရမယ်ပေါ့။ ။ ခက်ခက်ခဲခဲသာ ကြိုးစားလို့ အားပေးသူများ မရှိရင်လည်း ဘာဝမ်းနည်းစရာလိုသလဲပေါ့။ ။ သွေးစွန်းတဲ့လမ်းမှာ  တစ်ကိုယ်တည်းသာလျှောက်ခဲ့ရရင် ဘာအားငယ်စရာလိုသလဲပေါ့။ ။ မုန်တိုင်းထန်တဲ့အချိန်မှာ ဘယ်သူမှမမြင်ရရင်လည်း ဘာသိမ်ငယ်စရာရှိသလဲပေါ့။ ။ နှလုံးသားမှာ ဝေဒနာမီးတွေ  တောက်လောင်ပါစေ တစ်ကိုယ်တည်း တောက်လောင်ပါစေပေါ့ ဘာ အရေးစိုက်စရာလိုသလဲပေါ့။ ဘုန်းသစ်ထူး (၂.၂.၂၀၂၂) ရက်နေ့။